Friday, September 28, 2012

Top 5 Features missing from iPhone 5 (CNET)

Top 5 Features missing from iPhone 5
iPhone 5မှာ မရှိသေးသော အဓိက Features 5ခု

             အားလုံးပဲ မင်္ဂလာပါဗျာ... ဒီ Videoလေးကတော့ အခုအသစ်ထွက်ရှိတဲ့ Appleရဲ့ iPhone 5 အကြောင်းလေးပါ။ iPhone 5မှာ ပါမလာတဲ့ Featuresတွေကို သုံးသပ်ထားတာဖြစ်ပါတယ်။ အရမ်းကို ကောင်းတဲ့ သုံးသပ်ချက်လေးပါ။
                      Mingalarbar..... This video is about iPhone 5, a new generation  of Apple iPhone. This will tell you about the missing feathers of iPhone 5 what everyone expected. This is a very good one.
 



Credit : CNET




5. NFC(Near Field Communication)
NFC ဆိုတာက Near Field Communicationရဲ့ အတိုကောက်ပါ။ မြန်မာလိုပြန်ရင်တော့ အနီးအနားမှာရှိတဲ့ ဆက်သွယ်ရေး ဖြစ်ပါတယ်။ သူလုပ်ဆောင်ချက်က ဥပမာ Bank Accountsတွေ Credit Cards တွေကို ပိုက်ဆံအိတ်ထဲမှာ ရှာစရာမလိုပဲ ဖုန်းထဲကနေ ငွေရှင်းတာပေါ့။ Bank Cards မေ့တတ်တဲ့သူများ အတွက်ကောင်းပါတယ်။ ငွေပေးတဲ့ အခါမှာ Cardဆွဲစရာမလိုပဲ ဖုန်းကပ်လိုက်တာနဲ့ ငွေရှင်းပေးတယ်။
NFC ပါဝင်ဖုန်းတွေဆိုရင်လည်း... ဖုန်းအချင်းချင်း Data, သီချင်း, ဓါတ်ပုံတွေ ပို့လို့လည်းရပါတယ်....
iPhone 5က ဒီအချက်လေး မပါလာပါဘူး
အဲဒါအစား... Passbooksဆိုတဲ့ Applications လေးကို ထည့်ထားပေးတယ်


4. Higher Capacity - ပို၍ ကြီးမားသော သိုလှောင်မှုပမာဏ
ဟုတ်ပါတယ်... ခေတ်တွေကလည်း မြင့်လာပြီး။ Tim Cookကလည်းပြောပါတယ်။ iPhone အသုံးပြုသူတွေဟာ Applicationပေါင်း 100ကျော်ကျော်ကို အသုံးပြုတာတွေ့ရပါတယ်။ Applicationတွေကလည်း မြင့်လာတော့ တစ်ချို့ဟာတွေက HDပါဝင်လာတယ်။ အဲဒီအတွက် Applicationတစ်ခုရဲ့Sizeက ပိုပြီးကြီးလာတယ်။ အရင်အတိုင်း 16GB, 32GB, 64GBဆိုရင် အသုံးပြုသူအတွက် မလောက်ပါဘူး။ Music, HD Videoတွေ ပါလာရင်တော့ သေချာပေါက်မလောက်ဘူး...လောက်အောင်သုံးနေရတဲ့ အတွက် iPhoneကို လေးလေးကြီးဖြစ်စေမယ်။ မလောက်ရင်ထက်စိုက်ဖို့ Micro SD ပါရင်လည်းကောင်းသားပဲ....



3. Biometric Security
မြန်မာလိုပြန်ရင်.. ဇီဝသုံး လုံခြုံရေးပေါ့။ ပြောချင်တာက လူရဲ့ အစိတ်အပိုင်းဖြစ်တဲ့ လက်ဗွေရာ၊ မျက်နှာ၊ မျက်စိကို အသုံးပြုပြီး လုံခြုံအောင်လုပ်တဲ့ သဘော။ ဒီမှာ သူပြောချင်တာက လက်ဗွေရာသုံး လုံခြုံရေးဖြစ်ပါတယ်။ iPhoneကို အသုံးပြုသုံးတိုင်း သိပါလိမ့်မယ်.... Slide to unlockဆိုပြီး လက်လေးနဲ့ ပွတ်မှ ဖုန်းကို အသုံးပြုလို့ရမှာဖြစ်တယ်။ Appleက လက်ဗွေရာကိုသုံးပြီး ဖုန်းကို အသုံးပြုလို့ရမဲ့ လုံခြုံရေးအတွက် စမ်းသပ်နေတာ ပိုက်ဆံပေါင်း Millionလောက်ရှိနေပြီး... အချိန်အတိုင်းအတာတစ်ခုပေါ့။ အဲဒီအချိန်အတိုင်းအတာကလည်း တော်တော့်ကိုကြာပါပြီး... :(



2. Wireless Charging - ကြိုးမဲ့ အားသွင်းခြင်း
မှန်ပါတယ်.... Smart Phoneတော်တော်များများ ပါဝင်သင့်တဲ့ Featuresလေးပါ။ ကယ်... အိမ်တံခါးဖွင့်ပြီး အိမ်ထဲဝင်ပြီး.. ပြီးရင် Phoneကို Wireless Charging Plateမှာ တင်ထားရုံနဲ့ အားဝင်မယ်... အားသွင်းကြိုးရှာစရာလည်းမလိုဘူး... ကြိုးနဲ့လည်းမရှုပ်နေတော့ဘူး.... ကယ်.. ဘယ်လောက်အဆင်ပြေတယ်... Appleက လုံးလုံးကြီးကို လွဲသွားပြန်ပြီး



ကယ်.. နံပါတ်1 မလာခင်...သေချာ ပြန်စဉ်းစာကြည့်ပါ။ Appleရဲ့ အဆိုးဝါးဆုံး Features

Lightning Port ပဲဖြစ်ပါတယ်။ iPhoneရဲ့ အောက်ဆုံးမှာရှိတဲ့ အားသွင်းတာတို့ Dataဖတ်တဲ့ Portလေးပါ။ ခေါင်းကတော့ တော်တော်သေးသွားတယ်... သေးသွားတာတော့ဟုတ်ပြီး... ပြန်စဉ်းစားကြည့်ရင် အရင်ထွက်တဲ့ Music Dockတွေ.. ဘာ DockညာDockတွေနဲ့ ဘယ်လိုသုံးမလဲ... Dockထဲက Portက အရင်ကြီးစား... အခုiPhone Portကအသေး.. ဘယ်လိုသုံးမလဲ။
Appleက အဲဒီအတွက် Lightning Port Adapterဆိုပြီး ထုတ်တယ် ... Adapterက အရမ်းကြီးတယ်.. ဘယ်လိုလုပ်ပြီး ဒီDockတွေမှာ စွပ်ပြီးသုံးမှာလဲ.. ကန့်လန့်ကြီး... အဆင်မပြေဘူး..



1. Significantly better Battery Life - ပို၍ လုံလောက်သော Batteryအား ပမာဏ
 iPhone 5က 4Gရော 3Gရောရတယ်... ဟုတ်ပါပြီး... Battery ဒီလောက်ကုန်နေရင် သုံးရတာခဏလေးပဲ... ဘယ်လိုမှ အဆင်ပြေဘူး... နည်းနည်းလေး4Gတက်လိုက်တာနဲ့ Batteryအားက အောက်ထိကျသွားရင် မကောင်းဘူး... ခဏခဏ Batteryကုန်ရင်လည်း မဖြစ်ဘူး... အရေးနဲ့အကြောင်း ဖုန်းခေါ်ချင်ရင်ဘယ်လိုလုပ်မလဲ။ လုပ်စမ်းပါကွာ... Batteryကုန် သက်သာအောင်.....





No comments:

Post a Comment